About DRD

ကျေးလက်ဒေသဖွံ့ ဖြိုး တိုးတက်ရေးဦးစီးဌာန 
 
ကျးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနကို ၂၀၁၂ ခုနှစ်၊ ဇွန်လ(၇)ရက် နေ့တွင် တည်ထောင်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ယခုမှ စတင်ဖွဲ့စည်း တည်ထောင်သည့် အဖွဲ့အစည်းတစ်ခုမဟုတ်ဘဲ ယခင်ကတည်းက နယ်စပ်ရေးရာဝန်ကြီးဌာနအောက် တွင် စည်ပင်သာယာရေးဦးစီးဌာနအမည်ဖြင့် တည်ရှိခဲ့ပြီးဖြစ်ပါသည်။ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သစ်အရ စည်ပင်သာယာရေးဦးစီးဌာနမှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ စည်ပင်သာယာရေး ဦးစီးဌာန အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ဦး တစ်ယောက်ချင်း မှသည် တစ်နိုင်ငံလုံးရှိ နိုင်ငံသားတိုင်း၏ အရည်အသွေး များ တိုးတက်ရေးအတွက် ကြိုးပမ်း အားထုတ်ပေးနိုင်ခဲ့ပါသည်။ ကျေးလက်နေပြည်သူများ၏ လိုအပ် ချက်များ ဖြည့်ဆည်းပေး ရန်အတွက် ကဏ်ဍပေါင်းစုံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော အဖွဲ့ အစည်းဖြစ်ပါသည်။

နောက်ခံသမိုင်း

၁၈၇၄ ခုနှစ်တွင် မြူနီစီပါယ်အက်ဥပဒေကိုထုတ်ပြန်ကြေငြာပြီး ရန်ကုန်မြို့အပါအဝင် မြို့ကြီး(၇)မြို့ တွင် စည်ပင်သာယာရေး ကော်မတီဖွဲ့စည်းခဲ့ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ပါသည်။ ၁၈၉၈ ခုနှစ် မြူနီစီပါယ်အက်ဥပဒေသည် ပိုမိုအကျုံးဝင်ပြည့်စုံမှုရှိပါသည်။ ထို့ပြင် မြူနီစီပါယ်ကော်မတီများ နှင့် မြို့နယ်ကော်မတီများကို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိထိရောက် ရောက်လုပ်ဆောင်နိုင်ရန် ကျေးလက် ကိုယ်ပိုင်အုပ်ချုပ်ရေး အက်ဥပ ဒေကို ၁၉၂၁ ခုနှစ်မှာ ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် ခရိုင်ကောင်စီ များကို ဖွဲ့စည်းခဲ့ပါသည်။ ဖွံ့ဖြိုးမှုနည်းပါးသည့် ဝေးလံခေါင်ဖျား ဒေသများအတွက် ခရိုင်ဝန်မင်းကြီး၏ ဒေသ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ ကို ဖွဲ့စည်းပေးခဲ့ပါသည်။
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မထုတ်ပြန်မီ ၁၉၇၂ ခုနှစ်တွင် အုပ်ချုပ်ရေး စနစ်သစ်အစပြုခဲ့ပါသည်။ ထို့နောက် ခရိုင်များတွင် အခြေပြုဖွဲ့စည်းခဲ့သည့် ခရိုင်ဝန်မင်းကြီး၏ ဒေသ ဒေသဆိုင်ရာရန်ပုံငွေအဖွဲ့နှင့် ခရိုင်ကောင်စီများကို ဖျက်သိမ်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များကို မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဖွဲ့စည်းခဲ့ပါသည်။
အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များသည် ပြည်ထဲရေးနှင့် သာသနာရေးရာဝန်ကြီးဌာနအောက်ရှိ အထွထွေအေုပ်ချုပ်ရေးဦးစီးဌာနတွင် ပါဝင်ပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့၏ ဥပဒေ အမှတ် (၅/၉၃) အရ ၁၉၉၃ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စည်ပင် သာယာရေးအဖွဲ့များဥပဒေကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီ(၃၀)ရက်နေ့တွင် စည်ပင်သာယာရေးဦးစီးဌာနကို ဖွဲ့စည်းပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်ပင်သာယာရေးဝန်ကြီးဌာနအောက်တွင် စည်ပင်သာယာ ရေးဦးစီးဌာန သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များကို ကွပ်ကဲ အုပ်ချုပ်ခဲ့ပါသည်။
၂၀၁၁ ခုနှစ်၊ ဧပြီလတွင် ပြည်ထောင်စုသမ်မတမြန်မာနိုင်ငံ တော်ဖွဲ့စည်းအုပ်ချုပ်ပုံအရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနကို နယ်စပ်ရေးရာဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် စည်ပင်သာယာ ရေးဦးစီးဌာနကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟု ကျစ်လျစ်စွာ ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ မြို့ပြနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင် နေရာမှ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း တစ်ခုတည်းကိုသာ ပြောင်းလဲလုပ်ဆောင်ခဲ့ပါသည်။

မူဝါဒ

ဦးစီးဌာနအား ပြောင်းလဲ ဖွဲ့စည်းခဲ့သည် နှင့်အညီ လုပ်ဆောင် ရမည့် လုပ်ငန်း တာဝန် များလည်း ပြောင်းလဲ လာခဲ့ပါသည်။ ပထမ အချက်အနေဖြင့် ယခင်ကျင့်သုံးခဲ့သည့် ဗဟိုအုပ်ချုပ်မှု စနစ်မှသည် အောက်ခြေမှ စတင်သည့် စနစ်ကို ပြောင်းလဲခဲ့ပါသည်။ ဒုတိယအနေ ဖြင့်ယံဇာတများကို အခြေပြုသည့် ဖွံ့ဖြိုး တိုးတက်ရေး နည်းဗျူဟာမှသည် လူ့စွမ်းအား အရင်းအမြစ်ကို အခြေခံသည့် နည်းဗျူဟာအဖြစ် ပြောင်းလဲ ကျင့်သုံးခဲ့သည်။ ကျေးလက်နေပြည်သူများ၏ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားဆောင်ရွက် ခြင်းသည် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူဝါဒဖြစ်ပါသည်။

ရည်ရွယ်ချက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖွဲ့စည်းတည် ထောင်ရခြင်း၏ ရည်ရွယ်ချက် မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) နိုင်ငံတော်မှဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ် ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးရန်၊
(ခ ) ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်နှင့် မြို့ပြနှင့် ကျေးလက် လူမှုစီးပွားဘဝ ကွာဟမှုကျဉ်းမြောင်းစေရန်၊
(ဂ ) မြန်မာ့ကျေးလက် ယဉ်ကျေးမှုကိုထိန်းသိမ်းရန်။

လုပ်ငန်းတာဝန်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် အဓိက လုပ်ငန်းစဉ်(၁၂)ရပ်ချမှတ်ပြီး လုပ်ငန်း များဆောင်ရွက်လျက်ရှိပါ သည်။၎င်းတို့မှာ-
(က) ကျေးရွာချင်းဆက်၊ ကျေးလက်နှင့်မြို့ဆက်နှင့် ခရိုင်ချင်းဆက် လမ်း/တံတားများ တည်ဆောက် ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပြင်ဆင် ထိန်းသိမ်းခြင်း၊
(ခ ) ကျေးလက်ဒေသ သန့်ရှင်းသောသောက်သုံးရေရရှိရေး ဆောင် ရွက် ပေးခြင်း၊
(ဂ ) ကျေးလက်ကျန်းမာသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဃ) ကျေးရွာများ တည်ဆောက်ပေးခြင်း၊
(င ) ကျေးလက်မီးလင်းရေးဆောင်ရွက်ခြင်း၊
(စ ) ကျေးလက်ကုန်ထုတ်လုပ်ငန်းများဖော်ထုတ်ဆောင်ရွက်ပေးခြင်း၊
(ဆ ) ကျေးလက်စီးပွားရေးလုပ်ငန်းများဖော်ထုတ်ဆောင်ရွက်ပေးခြင်း၊
(ဇ ) ကျေးလက်ပြည်သူများအတွက် အသေးစားချေးငွေလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဈ ) ကျေးလက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊
(ည ) ကျေးလက်ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံများ ဖော်ထုတ်ထိန်းသိမ်းခြင်း၊
(ဋ ) မြို့ပြနှင့်ကျေးလက်လူမှုစီးပွားဘဝကွာဟမှု ကျဉ်းမြောင်းစေရေး အတွက် မဟာဗျူဟာ အစီအမံများ ချမှတ်ဆောင်ရွက်ပေးခြင်း၊
(ဌ ) ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်(၈)ရပ်တွင် အကျုံးဝင် သော ကိစ္စရပ်များ ဆောင် ရွက်ပေးခြင်း။ 

Link:http://www.drdmyanmar.org/index.php?page=YWJvdXQ=

0 comments:

Post a Comment

 
Toggle Footer